ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိသည်ဟု မိန့်တော်မူ၏။
သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဖတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြားပြောကြပါဟုဆို၏။
ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဖတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဉာဏ်နှင့် အနက်ဖတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။
နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်းရှေ့တော်၌ အနက်ကိုဖတ်နိုင်သောသူ တစ်ယောက်မျှမရှိ။
နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသောကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊
ကြောက်မက်ဖွယ်သော အိပ်မက်ကိုမြင်၍၊ သလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။