ဒံယေလ 2:26Judson Bibleရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဖော်ပြနိုင်သလောဟု၊ ဗေလတရှာဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ အိပ်မက်အနက်ကို ဖတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှာ တတ်စွမ်းနိုင်သော ဉာဏ်ပညာနှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနားတော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊