Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 2:2

Judson Bible

အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် စိတ်​ပူ​ပန်၍၊ အဲ​ဂု​တ္တု​ဗေ​ဒင်​တတ် ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​ခေါ်၍ အိပ်​မက်​တော်​ကို ပြန်​ကြား​တော်​မူ၏။ သို့​သော်​လည်း​ရှေ့​တော်၌ အ​နက်​ကို​ဖတ်​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

ထို​အ​ခါ ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ​မာ​သ၊ တာ​ရှိ​ရှ၊

ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊

အဲ​ဂု​တ္တု​ပြည်၏​စိတ်​သည် သူ၏​အ​ထဲ​မှာ​ပျက်​လိမ့်​မည်။ သူ၏​အ​ကြံ​ကို​လည်း ငါ​ဖျက်​မည်။ သူ​တို့​သည် ရုပ်​တု​တို့၌​လည်း​ကောင်း၊ ပြု​စား​သော သူ​တို့၌​လည်း​ကောင်း၊ နတ်​ဝင်​နှင့် စုန်း​တို့၌​လည်း​ကောင်း ဆည်း​ကပ်​ကြ​လိမ့်​မည်။

တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။

ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။

မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။

ခါ​လ​ဒဲ​ဆ​ရာ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​မှု​အ​ရာ​ကို ဖြေ​နိုင်​မည်​သူ၊ မြေ​ကြီး​ပေါ်​မှာ တစ်​ယောက်​မျှ မ​ရှိ​ပါ။ အ​ဘယ်​မည်​သော ရှင်​ဘု​ရင်​သည် ဘုန်း​တန်​ခိုး ကြီး​သော်​လည်း၊ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ဤ​သို့​မေး​မြန်း​လေ့​မ​ရှိ​ပါ။

ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​ကို ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ မာ​ဂု​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် အ​ရှင်​မင်း​ကြီး​အား ဖော်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။

ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊

နိ​မိတ်​လ​က္ခ​ဏာ​တော်​သည် အ​လွန်​ကြီး​ပေ၏။ အံ့​ဖွယ်​သော အ​မှု​တော်​လည်း တန်​ခိုး​နှင့်​ပြည်​စုံ​ပေ၏။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ အာ​ဏာ​စက်​တော်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​တော်​မူ၏။

ထို​ကြောင့်၊ အိပ်​မက်​အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့ သွင်း​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊

ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊

ဖိ​လိ​တ္တိ​လူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​လုပ်​သူ​များ​တို့​ကို ခေါ်၍ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ သူ​နေ​ရင်း​အ​ရပ်​သို့ အ​ဘယ်​သို့​သော ပူ​ဇော်​သ​ကာ​နှင့် လွှတ်​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ