ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှာ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက်ကိုဖော်ပြ၍ လျှောက်ပါမည်ဟုဆို၏။