Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 12:8

Judson Bible

ထို​စ​ကား​ကို ငါ​ကြား၍ နား​မ​လည်​သော​ကြောင့်၊ သ​ခင်​ဘု​ရား၊ ဤ​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​သို့ ကုန်​စင်​ပါ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မူ​ကား၊ နောင်​ကာ​လ​တွင် သင်၏​အ​မျိုး​သား​ချင်း​တို့၌ ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို သင်​သည် နား​လည်​စေ​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် တာ​ရှည်​သော​ကာ​လ​နှင့် ဆိုင်​ပေ၏​ဟု ငါ့​အား​ပြော​ဆို၏။

တစ်​ပါး​က​လည်း၊ အံ့​ဖွယ်​သော ဤ​အ​မူ​အ​ရာ​တို့​သည် မ​ကုန်​စင်​မီ အ​ဘယ်​မျှ​လောက် ကြာ​လိမ့်​မည်​နည်း​ဟု ပိတ်​ချော​ကို​ဝတ်​လျက်၊ မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​ကို မေး​မြန်း၏။

ပိတ်​ချော​ကို​ဝတ်​လျက် မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​က​လည်း တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ဖြစ်​လိမ့်​မည်။ သန့်​ရှင်း သူ​တို့၏​အ​စွမ်း​သ​တ္တိ​ကို အ​ရပ်​ရပ်​သို့ ဖြန့်​လွှင့်​ခြင်း​အ​မှု​ပြီး​သော​အ​ခါ ထို​အ​မူ​အ​ရာ အ​လုံး​စုံ​တို့​သည် ကုန်​စင်​ကြ​လိမ့်​မည်​ဟု လက်​နှစ်​ဖက်​ကို ကောင်း​ကင်​သို့​ချီ​လျက် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သည်​ကို ငါ​ကြား၏။

ထို​သူ​က ဒံ​ယေ​လ၊ သင်​သွား​လော့။ ထို​စ​ကား​သည် အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင် ပိတ်၍ တံ​ဆိပ်​ခတ်​ထား​လျက် ရှိ၏။

ထို​အ​ခါ သန့်​ရှင်း​သူ​တစ်​ပါး၏ စ​ကား​ပြော​သံ​ကို ငါ​ကြား၏။ သန့်​ရှင်း​သူ​တစ်​ပါး​က၊ ယ​ခင်​ပြော​သော​သူ​ကို ဟစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဗိုလ်​ခြေ​ကို နင်း​ခြင်း​အ​လို​ငှာ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လွန်​ကျူး​ခြင်း​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တည်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​လျှင်၊

ထို​စ​ကား​တော်​တစ်​ခွန်း​ကို​မျှ တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ။ ထို​အ​ကြောင်း​အ​ရာ​သည် ဝှက်​ထား​လျက်​ရှိ​သည်​ဖြစ်၍ မိန့်​တော်​မူ​ချက်​အ​နက်​ကို မ​ရိပ်​မိ​ကြ။

ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။

သ​ခင်​ဘု​ရား​က၊ ခ​မည်း​တော်၏​တန်​ခိုး​အား​ဖြင့် စီ​ရင်​တော်​မူ​သော​အ​ချိန်​ကာ​လ​ကို သိ​ရ​သော​အ​ခွင့်​သည် သင်​တို့၌​မ​ရှိ။-

ခ​ရစ်​တော်​ခံ​တော်​မူ​ရ​သော ဆင်း​ရဲ​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ပြီး​မှ ဝင်​စား​တော်​မူ​ရ​သော ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း၊ သူ​တို့​အ​ထဲ၌​ရှိ​သော ခ​ရစ်​တော်၏​ဝိ​ညာဉ်​သည် သက်​သေ​ခံ​နှင့်​သော​အ​ခါ၊ အ​ဘယ်​မည်​သော သူ​ကို​လည်း​ကောင်း၊ အ​ဘယ်​သို့​သော အ​ချိန်​ကာ​လ​ကို​လည်း​ကောင်း ဆို​လို​တော်​မူ​သည်​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ