ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရလိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။
သိမ်းသွားခြင်းကိုခံရသော အဲဂုတ္တုလူတို့ကို ငါတစ်ဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
သာယာသောပြည်ကိုလည်း ဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏လက်မှ လွတ်သောသူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။
ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဖိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည်သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှာ၊ မြို့တော်သို့တက်၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုးမရွာရ။
သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍လည်းကောင်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။-