Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 11:34

Judson Bible

လဲ​ကြ​သော​အ​ခါ အ​နည်း​ငယ်​သော မ​စ​ခြင်း​ကို တစ်​ဖန်​ခံ​ရ​ကြ​လိမ့်​မည်။ လူ​အ​များ​တို့​သည် ချော့​မော့​ရာ​သို့​လိုက်၍ ဆည်း​ကပ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။

ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​သော​သူ​တို့​သည် ချော့​မော့​ရာ​သို့ လိုက်၍ ယို​ယွင်း​ကြ​လိမ့်​မည်။ မိ​မိ​တို့ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​တို့​မူ​ကား၊ ကြီး​စွာ​သော​အား​နှင့် ပြု​ကြ​လိမ့်​မည်။

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။-

အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။-

အ​ကြောင်း​မူ​ကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။-

ထို​သူ​တို့၏​နှုတ်​ကို ပိတ်​ရ​မည်။ သူ​တို့​သည် မ​စင်​ကြယ်​သော စီး​ပွား​ကို​တပ်​မက်​လျက်၊ မ​ပေး​အပ်​သော ဩ​ဝါ​ဒ​ကို​ပေး၍၊ တစ်​အိမ်​ထောင်​လုံး​ကို မှောက်​လှန်​တတ်​ကြ၏။-

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-

ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သော​ကြောင့်၊ လော​ကီ​အ​ကြောင်း​အ​ရာ​ကို ပြော​တတ်​ကြ၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။-

လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ လှည့်​ဖြား​သော​သူ​အ​များ​တို့​သည် လော​က​ထဲ​သို့​ဝင်​ကြ​ပြီ။ ထို​သို့​သော​သူ​သည် လှည့်​ဖြား​သော​သူ ဖြစ်၏။ အ​န္တိ​ခ​ရစ်​လည်း ဖြစ်၏။-

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။-

ထို​န​ဂါး​သည် မြေ​ကြီး​သို့ ကိုယ်​ကျ​သည်​ကို သိ​မြင်​လေ​သော်၊ သား​ယောက်ျား​ကို ဖွား​မြင်​သော မိန်း​မ​ကို ညှဉ်း​ဆဲ၏။-

သို့​သော်​လည်း၊ ငါ၏​အ​စေ​ခံ​ကျွန်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရော​ဖက်​မ​ဟူ၍ ကိုယ်​ကို​ခေါ်​ဝေါ်​သော သင်၏​ခင်​ပွန်း ယေ​ဇ​ဗေ​လ​သည် သွန်​သင်၍ မှား​ယွင်း​စေ​ရ​သော​အ​ခွင့်​ကို သင်​သည်​ပေး​သော​ကြောင့်၊ သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ