Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 11:32

Judson Bible

ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​သော​သူ​တို့​သည် ချော့​မော့​ရာ​သို့ လိုက်၍ ယို​ယွင်း​ကြ​လိမ့်​မည်။ မိ​မိ​တို့ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​တို့​မူ​ကား၊ ကြီး​စွာ​သော​အား​နှင့် ပြု​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။

နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။

မု​သား​ပြော​တတ်​သော​သူ​သည် မိ​မိ​ညှဉ်း​ဆဲ​သော​သူ​တို့​ကို မုန်း​တတ်၏။ ချော့​မော့​တတ်​သော​သူ​သည်​လည်း ဖျက်​ဆီး​တတ်၏။

ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ​မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။

လဲ​ကြ​သော​အ​ခါ အ​နည်း​ငယ်​သော မ​စ​ခြင်း​ကို တစ်​ဖန်​ခံ​ရ​ကြ​လိမ့်​မည်။ လူ​အ​များ​တို့​သည် ချော့​မော့​ရာ​သို့​လိုက်၍ ဆည်း​ကပ်​ကြ​လိမ့်​မည်။

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။

ထို​သူ​တို့၌ ဖြူ​သော​ဝတ်​လုံ​ကို ပေး​တော်​မူ၏။ သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​လ​တ္တံ့​သော မိ​မိ လုပ်​ဖော်​ဆောင်​ဖက် ညီ​အစ်​ကို​တို့​သည် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ၊ ခ​ဏ​ငြိမ်​သက်​စွာ နေ​ရ​ကြ​ဦး​မည်​ဟု သူ​တို့​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ