ဒံယေလ 11:24Judson Bibleအသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသောပစ္စည်းဥစ္စာ စည်းစိမ်များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဖူးသော အမှုကို ပြုလိမ့်မည်။ ခိုင်ခံ့သော မြို့ပြတို့ကိုရခြင်းငှာ တာရှည်စွာ ကြံစည်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။