အကြောင်းမူကား၊ မိတ်သဟာယပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော်လည်း တန်ခိုးကြီးလိမ့်မည်။
ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့်အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊
သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။
မတရားသောသူပြုသောအမှုသည် အမြဲမတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသောသူမူကား၊ မြဲမြံသော အကျိုးကို ခံရလိမ့်မည်။
လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာမြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိတ်သဟာယခံသော မင်းလည်း ဆုံးရှုံးလိမ့်မည်။
အသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသောပစ္စည်းဥစ္စာ စည်းစိမ်များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဖူးသော အမှုကို ပြုလိမ့်မည်။ ခိုင်ခံ့သော မြို့ပြတို့ကိုရခြင်းငှာ တာရှည်စွာ ကြံစည်လိမ့်မည်။
ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသော လူစုကိုပင် ဖျက်ဆီးလိမ့်မည်။
သူသည် လိမ္မာစွာပြုသဖြင့်၊ မုသားလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိတ်သဟာယဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင်ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊-
မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။-
ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊-