အရက်နှစ်ဆယ်တစ်ရက် မစေ့မီ မြိန်သောမုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။
ရှောလု၏သား မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာလာ၏။ ရှင်ဘုရင်ထွက်သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော်မမူမီတိုင်အောင်၊ သူသည်ခြေတို့ကို မပြုစု၊ မုတ်ဆိတ်ကိုမပြင်ဆင်၊ အဝတ်ကို မလျှော်ဘဲနေပြီ။
မုန့်နှင့်မြိန်သော ခဲဖွယ်စားဖွယ်တို့ကို သူ၏စိတ်ဝိညာဉ်သည် ရွံရှာ၏။
ထိုအခါ သူကလည်း၊ အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှာလည်းကောင်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှာလည်းကောင်း၊ စိတ်ပြဌာန်းသော ပထမနေ့မှစ၍ သင်၏စကားကို ကြားတော်မူပြီ။ ထိုစကားကြောင့်လည်း ငါရောက်လာပြီ။
သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဖိုးထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင်ထက် အသက်ရှည်လိမ့်မည်။
ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တစ်ညလုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
သင်တို့သည် ဆင်းရဲသားကိုနှိပ်စက်၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့်၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဖွယ်သော စပျစ်ဥယျာဉ်ကို စိုက်သော်လည်း၊ စပျစ်ရည်ကို မသောက်ရကြ။
ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ်သက်ဖွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။
ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။-
သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့် လိမ်းလေပြီ။-
သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။