Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 10:13

Judson Bible

ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော​မင်း​မူ​ကား၊ အ​ရက်​နှစ်​ဆယ်​တစ်​ရက်​ပတ်​လုံး ငါ့​ကို​ဆီး​တား၏။ နောက်​တစ်​ခါ အ​မြတ်​ဆုံး​သော မင်း​စု​ထဲ​က မိ​က္ခေ​လ​သည် ငါ့​ကို​အ​ကူ​လာ၍၊ ငါ​သည်​လည်း ထို​အ​ရပ်၌ ပေ​ရ​သိ​မင်း​ကြီး​တို့​ထံ​မှာ ဆိုင်း​လင့်၍ နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​တည်​ခြင်း​အ​မှု ပြတ်၍၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဒါ​ရိ​နန်း​စံ​နှစ်​နှစ်​တိုင်​အောင် လက်​စ​မ​သတ်​ဘဲ နေ​လေ၏။

ထို​ကာ​လ၌ သင့်​အ​မျိုး​သား​ချင်း​တို့၏​အ​မှု​ကို စောင့်​သော အ​ရှင်​ကြီး​မိ​က္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ လူ​မျိုး​တစ်​စုံ​တစ်​မျိုး​မျှ ဖြစ်​သည်​ကာ​လ​မှ​စ၍ ထို​ကာ​လ​တိုင်​အောင်၊ မ​ဖြစ်​စ​ဖူး​သော ဆင်း​ရဲ​ဒု​က္ခ​ကပ်​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ စာ​စောင်၌ စာ​ရင်း​ဝင်​သ​မျှ​သော သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ကယ်​လွှတ်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။-

အ​ထွတ်​အ​မြတ် အာ​ဏာ​စက်​ရှိ​သ​မျှ​ကို အုပ်​စိုး​တော်​မူ​သော ထို​သ​ခင်၌ သင်​တို့​သည် စုံ​လင်​ခြင်း​ရှိ​ကြ၏။-

ထို​ကြောင့်၊ ငါ​ပေါ​လု​သည် သင်​တို့​ရှိ​ရာ​သို့ လာ​ခြင်း​ငှာ၊ နှစ်​ကြိမ်​မြောက်​အောင် အ​လို​ရှိ​သော်​လည်း၊ စာ​တန်​သည် ဆီး​တား​လေ၏။-

ထို​သ​ခင်​သည် ကောင်း​ကင်​ဘုံ​သို့ ကြွ​တော်​မူ​သည်​ဖြစ်၍၊ ကောင်း​ကင်​တ​မန်​အ​စ​ရှိ​သော အာ​ဏာ​စက် တန်​ခိုး​များ​တို့​ကို အုပ်​စိုး​လျက်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ရှိ​တော်​မူ၏။

ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။-

ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ