Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 10:12

Judson Bible

ထို​အ​ခါ သူ​က​လည်း၊ အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည် နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်၏ ဘု​ရား​ရှေ့​မှာ ကိုယ်​ကို​ကိုယ် ဆုံး​မ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​ပြ​ဌာန်း​သော ပ​ထ​မ​နေ့​မှ​စ၍ သင်၏​စ​ကား​ကို ကြား​တော်​မူ​ပြီ။ ထို​စ​ကား​ကြောင့်​လည်း ငါ​ရောက်​လာ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည်​ငို​ကြွေး၍ စိတ်​နှ​လုံး​ပါ​လျက်၊ အ​စာ​ရှောင်​သော အ​ကျင့်​ကြောင့်​ပင် ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ပါ၏။

အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊

ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။

သူ​က​လည်း အ​လွန်​ချစ်​အပ်​သော​သူ၊ ဒံ​ယေ​လ၊ ငါ့​စ​ကား​ကို နား​လည်​အံ့​သော​ငှာ မတ်​တတ်​နေ​လော့။ သင်​ရှိ​ရာ​သို့ ငါ့​ကို​စေ​လွှတ်​တော်​မူ၍ ယ​ခု​ငါ​လာ​ပြီ​ဟု ဆို​လျှင်၊ ငါ​သည် တုန်​လှုပ်​လျက် မတ်​တတ်​နေ၏။

အ​လွန်​ချစ်​အပ်​သော​သူ၊ မ​ကြောက်​နှင့်။ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ အား​ရှိ​လော့။ ခွန်​အား​နှင့်​ပြည့်​စုံ​လော့​ဟု ဆို၏။ ထို​သို့​ဆို​ပြီး​မှ ခွန်​အား​ကို​ငါ​ရ၍၊ အ​ကျွန်ုပ်၏​သ​ခင်၊ မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​ခွန်​အား​ပေး​တော်​မူ​ပြီ​ဟု လျှောက်၏။

သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဟူ​မူ​ကား၊ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၌ အ​လုပ်​ကို​အ​လျှင်း​မ​လုပ်၊ ခြိုး​ခြံ​စွာ​ကျင့်​လျက်​နေ​ရ​ကြ​မည်။

ထို​နေ့​ရက်​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​တို့​ငြိမ်​ဝပ်​ရာ​ဥ​ပုသ်​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်​သ​တည်း။

၎င်း​လ၊ ဒ​သ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။

ယေ​ရှု​က​လည်း ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​ကြ​လော့။ ငါ့​ညီ​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား​စေ​ခြင်း​ငှာ ဤ​သ​တင်း​စ​ကား​ကို ကြား​ပြော​ကြ​လော့။ ထို​ပြည်၌ သူ​တို့​သည် ငါ့​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။-

ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-

ကောင်း​ကင်​တ​မန်​က​လည်း၊ မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မျက်​နှာ​ရ​ပြီ။-

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။-

ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။-

ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-

ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာလက်​တော်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ