Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဒံ​ယေ​လ 1:8

Judson Bible

ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​အား သင့်​ကိုယ်​စား သင်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​သော သင်၏​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

ထို​သူ​တို့​သည် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား၌​မှီ​ဝဲ၍ လူ​သေ​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ကြ၏။

ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။

ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။

ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ပါ၍၊ မ​တ​ရား​သော​အ​မှု၊ ဒု​စ​ရိုက်​အ​မျိုး​မျိုး၌ ကျင်​လည်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​သို့ သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။ ထို​သူ​တို့၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​ကျွန်ုပ်​မ​စား​ပါ​စေ​နှင့်။

ထို​မင်း၏ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​လို​မ​ရှိ​နှင့်။ လှည့်​စား​တတ်​သော​အ​စာ ဖြစ်၏။

ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို နေ့​တိုင်း​ပေး၍ သုံး​နှစ်​ကျွေး​မွေး​ပြီး​မှ၊ အ​မှု​တော်​ထမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။

စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။

ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။-

ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-

သို့​သော်​လည်း မိ​မိ​စိတ်​နှ​လုံး​တည်​ကြည်​ခြင်း​ရှိ၍၊ ပြု​လို​သည်​အ​တိုင်း ပြု​နိုင်​သော​အ​ခွင့်​နှင့် ကိုယ်​စိတ်​အ​လို​ကို ချုပ်​တည်း​နိုင်​သော​အ​ခွင့် ရှိ​သော​ကြောင့်၊ မ​ထိမ်း​မြား​ဘဲ​နေ​မည်​ဟု ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ စီ​ရင်​ဆုံး​ဖြတ်​သော​သူ​သည် ကောင်း​စွာ​ပြု၏။-

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-

သူ​တို့​ပူ​ဇော်​သော ဆီ​ဥ​ကို​စား၍ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ စ​ပျစ်​ရည်​ကို သောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သူ​တို့​သည်​ထ၍ သင်​တို့​ကို ကွယ်​ကာ​စောင့်​မ​ပါ​လေ​စေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ