Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 9:9

Judson Bible

ထို​ပြာ​သည် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ နှံ့​ပြား​သော​အ​မှုန့်​ဖြစ်၍၊ ပြည်​တစ်​လျှောက်​လုံး​တွင် လူ​နှင့်​တိ​ရ​စ္ဆာန်​တို့၌ အ​ခဲ​အ​ကျိတ်​ပြည့်​သော​အ​နာ​ဆိုး​ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​နှင့် အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။

သူ​တို့​သည်​မီး​ဖို​ထဲ​က​ပြာ​ကို​ယူ၍၊ ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်​လျက်၊ မော​ရှေ​သည် မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​သ​ဖြင့်၊ ထို​ပြာ​သည် လူ​နှင့်​တိ​ရ​စ္ဆာန်​တို့၌ အ​ခဲ​အ​ကျိတ်​ပြည့်​သော​အ​နာ​ဆိုး​ဖြစ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ယူ၍ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ရှေ့၌ မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​စေ။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဒူး​နှင့် ခြေ​ထောက်​မ​က၊ ခြေ​ဖ​ဝါး​မှ​စ၍ ဦး​ခေါင်း​ထိပ်​တိုင်​အောင် မ​ပျောက်​နိုင်​သော​အ​နာ​စိမ်း​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ