Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 40:33

Judson Bible

တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​လေ၏။ ထို​သို့ မော​ရှေ​သည် အ​လုပ်​ကို​ပြီး​စီး​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ရှော​လ​မုန်​သည် အိမ်​တော်​ကို​တည်၍ ပြီး​လေ၏။

အိမ်​တော်​ကို တည်​ပြီး​မှ ထုပ်​များ​တိုင်​များ​ကို အာ​ရဇ်​ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လေ၏။

ထို​သို့​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​ကြ၏။

ယဇ်​ပ​လ္လင်​အ​နီး​သို့ ချဉ်း​ကပ်​သော်​လည်း​ကောင်း၊ လက်​ခြေ​တို့​ကို ဆေး​ရ​ကြ၏။

တဲ​တော်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို ဆွဲ​ကာ​ရ​မည်။

ဇေ​ရု​ဗ​ဗေ​လ​သည် ဤ​အိမ်​တော်​အ​မြစ်​ကို ချ​ထား​ပြီ။ သူ​သည်​လည်း လက်​စ​သတ်​ရ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။

လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ သင်​တို့၌​မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့် အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။-

ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။-

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-

ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-

ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။-

ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။-

ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။

ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ