ထွက်မြောက် 37:29Judson Bibleဆေးသမားအတတ်နှင့် ဆေးပေါင်းကိုဖော်တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကိုလည်းကောင်း၊ နံ့သာမျိုးနှင့်ဖော်သော မီးရှို့ရာနံ့သာပေါင်းစင်ကိုလည်းကောင်း လုပ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊
စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဖို့စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အားပေးစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။-