တဲတော်၌ ကာရသောပျဉ်ပြားကိုလျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင် တို့ကို၊ တစ်ဖက်ငါးချောင်းစီ လုပ်လေ၏။
စားပွဲထမ်းစရာ အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံရမည်။
အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။
ထမ်းပိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံရမည်။
ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ် ဆယ်ခြောက်ခု၊ တစ်ပြားနှစ်ခုစီရှိလေ၏။
တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကိုလျှိုစရာဖို့၊ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်လေ၏။