Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 36:29

Judson Bible

အ​ထက်၌​လည်း​ကောင်း၊ အောက်၌​လည်း​ကောင်း၊ ကွင်း​ကို​တပ်၍​စေ့​စပ်​လျက် ထောင့်​နှစ်​ခု​ပြီး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​သည် စေ့​စပ်​သော​မြို့​ကဲ့​သို့ တည်၏။

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။

အ​ထက်၌​လည်း​ကောင်း၊ အောက်၌​လည်း​ကောင်း၊ ကွင်း​ကို​တပ်​၍​စေ့​စပ်​လျက် ထောင့်​နှစ်​ခု​ကို ပြီး​စေ​ရ​မည်။

ထောင့်​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ပြား​ကို​လည်း​ကောင်း လုပ်​လေ၏။

ပျဉ်​ပြား​ရှစ်​ပြား၊ ငွေ​ခြေ​စွပ် ဆယ်​ခြောက်​ခု၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​လေ၏။

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။-

အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-

ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။-

ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊-

ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။-

ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ