ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်း ချုပ်လေ၏။
ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တစ်ထည်တို့သည် အလျားအနံချင်းတူ၏။
ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်လေ၏။