Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 35:31

Judson Bible

သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို​လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍​စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ​လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို​ပေး၍၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​ဟိ​ရံ​ကား၊ နဿ​လိ​အ​မျိုး​မု​ဆိုး​မ​သား​ဖြစ်၏။ သူ၏​အ​ဘ​ကား၊ တု​ရု​အ​မျိုး​သား​ပန်း​တဉ်း​သ​မား​ဖြစ်၏။ သား​သည်​လည်း ကြေး​ဝါ​အ​လုပ်​ခပ်​သိမ်း​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့​လာ၍ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ၏။

သူ့​အ​မိ​ကား ဒန်​အ​မျိုး​သ​မီး၊ အ​ဘ​ကား တု​ရု​အ​မျိုး​သား ဖြစ်၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ ကျောက်၊ သစ်​သား၊ မောင်း​သော​အ​ထည်၊ ပြာ​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို လုပ်​တတ်​သော​အ​တတ်၊ အ​မျိုး​မျိုး​ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ၍၊ ကိုယ်​တော်၏​ဆ​ရာ​သ​မား၊ ခ​မည်း​တော်​အ​ရှင်​ဒါ​ဝိဒ်၏ ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း​လျက်၊ လို​သ​မျှ​ကို ဉာဏ်​ရှာ၍ လုပ်​တတ်​သော​သူ ဖြစ်၏။

အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။

သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။

တစ်​ဖန်​မော​ရှေ​က၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား​ဗေ​ဇ​လေ​လ​ကို​အ​မည်​ဖြင့် ခန့်​ထား​တော်​မူ​ပြီ။

ထို​သူ​တို့​သည် ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော​လက်​သ​မား၏ အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏​အ​လုပ်၊ ရက်​တတ်​သော​သူ၏​အ​လုပ်၊ အ​နည်း​နည်း လုပ်​တတ်​သော​သူ၏​အ​လုပ်​၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။

ထို​နက်​နဲ​သော​အ​ရာ၌ ပ​ညာ​ဘ​ဏ္ဍာ၊ ဉာဏ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​သည် ဝှက်​ထား​လျက်​ရှိ​ကြ၏။-

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ