ထွက်မြောက် 35:22Judson Bibleကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအားရွှေကိုလှူကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဟေဇကိက၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ။ ဗိမာန်တော်သို့ ချဉ်းကပ်၍၊ ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သကာများကို ဆောင်ခဲ့ကြလော့ဟု ပြန်၍ မိန့်တော်မူသည်အတိုင်း၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သကာများကို ဆောင်ခဲ့ကြ၏။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်လည်းကောင်း၊ သင်၏ဘုန်းကို ပွင့်စေသော၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်လည်းကောင်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦး ပြုကြလိမ့်မည်။