Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 35:2

Judson Bible

ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် သင်​တို့၌ သန့်​ရှင်း​သော​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငြိမ်​ဝပ်​စွာ​နေ​ရ​သော ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား အ​သေ​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။

သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

ထို​အ​မှု​ကို ဥ​ပုသ်​နေ့၌​ပြု​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ယေ​ရှု​ကို​ညှဉ်း​ဆဲ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ