တဲတော်တံသင်၊ ဝင်းတံသင်ကြိုးများကိုလည်းကောင်း၊
အမှုတော်ထမ်းဖို့ တဲတော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကိုလည်းကောင်း ကြေးဝါနှင့်လုပ်ရမည်။
တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝ ကာစရာကုလားကာကိုလည်းကောင်း၊
သန့်ရှင်းရာဌာန၌ အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ရန် သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ ထာဝရဘုရားမှာ ထားတော်မူသမျှအတိုင်း လုပ်ရကြမည်ဟုဆင့်ဆို၏။
သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။
တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိသည်တို့ကိုလည်းကောင်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။