Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 34:7

Judson Bible

အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

57 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဖင့်​နွှဲ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သ​နား​တော်​မူ​သော​ကြောင့်၊ ကောင်း​ကင်​တ​မန်​တို့​သည်၊ သူ​နှင့် သူ၏​မ​ယား၊ သူ၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ၍၊ မြို့​ပြင်​သို့ ထုတ်​ဆောင်​ကြ၏။

ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။

ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ သင်​တို့၏​ညီ​အစ်​ကို သား​သ​မီး​တို့​သည် သိမ်း​သွား​သော​သူ​တို့​ထံ​မှာ၊ က​ရု​ဏာ​စိတ်​နှင့် တွေ့​ကြုံ၍၊ ဤ​ပြည်​သို့ တစ်​ဖန် ပြန်​လာ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ သ​နား​တတ်​သော​သ​ဘော​ရှိ​သော​ကြောင့်၊ သင်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ​လျှင်၊ မျက်​နှာ​တော်​ကို သင်​တို့​မှ လွှဲ​တော်​မ​မူ​ဟု စာ၌​ပါ​သ​တည်း။

အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊

သို့​ဖြစ်၍၊ အို အ​ကျွန်ုပ်​တို့၏​ဘု​ရား၊ ကြီး​မြတ်၍ မ​ဟာ​တန်​ခိုး​နှင့် ပြည့်​စုံ​လျက် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ က​ရု​ဏာ​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​တော်​မူ​သော​ဘု​ရား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​သော ဘေး​ဒဏ်​ရှိ​သ​မျှ​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်​သည် ပြစ်​မှား​လျှင်၊ ကိုယ်​တော် မှတ်​တော်​မူ၏။ အ​ကျွန်ုပ်​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်​မ​ဟုတ်။

သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။

သူ့​ဘိုး​ဘေး​တို့၏​ဒု​စ​ရိုက်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သ​တိ​ရ​တော်​မူ​ပါ​စေ။ သူ့​အ​မိ၏​အ​ပြစ်​သည် မ​ဖြေ​ပါ​စေ​နှင့်။

ကိုယ်​တော်​ကို ကြောက်​ရွံ့​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ၊ အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပိုင်​တော်​မူ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်​မှာ သား​ဦး​များ​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ပြစ်​များ​လှ​သော​ကြောင့် နာ​မ​တော်​ကို​ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သူ​တို့​ကို ထူး​တော်​မူ၏။ သူ​တို့​အ​မှု​ကြောင့် အ​ပြစ်​ပေး​သော်​လည်း၊ သူ​တို့​ကို သည်း​ခံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ထို​တ​မန်​ကို ရို​သေ​စွာ​ပြု​လော့။ စ​ကား​တော်​ကို နား​ထောင်​လော့။ အာ​ဏာ​တော်​ကို မ​ဆန်​နှင့်။ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို သူ​သည်​မ​လွှတ်။ ငါ့​နာ​မ​သည် သူ၌​တည်​ရှိ၏။

မ​ဟုတ်​မ​မှန်​သော​အ​မှု​ကို ရှောင်​ရ​မည်။ အ​ပြစ်​မ​ရှိ​သော​သူ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကွပ်​မျက်​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​မ​တ​ရား​သော​သူ​ကို အ​ပြစ်​မ​လွှတ်။

ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။

အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

သ​တင်း​ကြား​ပြော​ကြ​လော့။ လူ​များ​ကို အ​နီး​သို့​ခေါ်​ခဲ့၍ တိုင်​ပင်​ကြ​စေ။ ဤ​အ​မှု​ကို ရှေး​ကာ​လ​မှ​စ၍ အ​ဘယ်​သူ ဖော်​ပြ​သ​နည်း။ အ​ထက်​က အ​ဘယ်​သူ ဟော​ပြော​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား ဟော​ပြော​သည် မ​ဟုတ်​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ ငါ​သည် ဖြောင့်​မတ်​သော​ဘု​ရား၊ ကယ်​တင်​သော​ဘု​ရား ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။

ကိုယ်​တော်​သည် လူ​အ​ထောင်​အ​သောင်း​တို့​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​လျက်၊ အ​ဘ​တို့၏​အ​ပြစ်​ကို နောက်​ဖြစ်​သော​သား​တို့၏ ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ၏။ အ​လွန်​ကြီး​မြတ်​သော​ဘု​ရား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

ဝါ​ကြွား​သော​သူ မည်​သည်​ကား၊ ငါ​သည် မြေ​ကြီး​ပေါ်​မှာ ချစ်​သ​နား​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​ကို ပြု​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​တည်း​ဟူ​သော၊ ငါ့​သ​ဘော​ကို သိ​နား​လည်​ခြင်း၌​သာ ဝါ​ကြွား​စေ။ ငါ​သည် ထို​အ​ရာ​တို့၌ မွေ့​လျော်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊

အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပုန်​ကန်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​အ​ရှင် ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​ကို​ပြ​ခြင်း၊ အ​ပြစ်​ကို ဖြေ​ရှင်း​ခြင်း​အ​ခွင့်​နှင့် ဆိုင်​တော်​မူ၏။

မ​တ​ရား​သော​ချိန်​ခွင်​နှင့် စဉ်း​လဲ​သော အ​လေး​အိတ်​ရှိ​သော မြို့​ကို သန့်​ရှင်း​သော​မြို့​ဟူ၍ ငါ​မှတ်​ရ​မည်​လော။

အ​ပြစ်​မှ လွှတ်​တော်​မူ​ထ​သော၊ ကျန်​ကြွင်း​သော အ​မွေ​တော်​လူ​တို့၏ လွန်​ကျူး​ခြင်း​များ​ကို သည်း​ခံ​တော်​မူ​ထ​သော၊ က​ရု​ဏာ၌ မွေ့​လျော်​သော​ကြောင့် အ​စဉ်​အ​မျက်​ထွက်​တော်​မ​မူ​သော ကိုယ်​တော်​ကဲ့​သို့ အ​ဘယ်​ဘု​ရား ရှိ​ပါ​သ​နည်း။

အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။-

သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-

သူ​တို့​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကြွေး​ရှင်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို အ​ချည်း​နှီး​လွှတ်၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ယောက်​တွင် အ​ဘယ်​သူ​သည် ကြွေး​ရှင်​ကို သာ၍ ချစ်​လိမ့်​မည်​နည်း​ဟု မေး​တော်​မူ၏။-

ထို​မိန်း​မ​အား​လည်း၊ သင်​သည် အ​ပြစ်​တို့​နှင့် လွတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့် ညီ​အစ်​တို့၊ ထို​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ကြား​သည်​ကို​လည်း​ကောင်း၊-

ဣ​သ​ရေ​လ​လူ​တို့​အား နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပေး​စေ​ခြင်း​ငှာ၊ ထို​သူ​ကို အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း၊ ကယ်​တင်​သော သ​ခင်​အ​ရာ၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား၍ မိ​မိ​လက်​ယာ​လက်​တော်​နှင့် ချီး​မြှင့်​တော်​မူ​ပြီ။-

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-

အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။

အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။

ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။

သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မှန်​သော​ဘု​ရား၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​သော သူ​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် ပ​ဋိ​ညာဉ်​စ​ကား​တည်၍ က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား၊

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​နိုင်။ ထို​ဘု​ရား​သည် သန့်​ရှင်း​သော​ဘု​ရား၊ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်​တို့ လွန်​ကျူး​ပြစ်​မှား​သော အ​ပြစ်​တို့​ကို သည်း​ခံ​တော်​မ​မူ။

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ