Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 34:29

Judson Bible

မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​မှ ဆင်း​သက်​သော​အ​ခါ၊ မိ​မိ​နှင့် ဘု​ရား​သ​ခင်​နှုတ်​ဆက်​တော်​မူ​သော​ကြောင့်၊ မိ​မိ​မျက်​နှာ​အ​ရေ​ထွန်း​ပ​ကြောင်း​ကို မိ​မိ​မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​နည်း​ဟု မ​သိ​သော​ကြောင့်၊ တစ်​ယောက်​ကို​တစ်​ယောက်​မေး​ကြ၏။ မော​ရှေ​က​လည်း၊ ဤ​အ​ရာ​သည်​သင်​တို့​စား​စ​ရာ​ဖို့ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​မုန့်​ဖြစ်၏။

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​ယူ​လျက်၊ လှည့်၍ တောင်​ပေါ်​က​ဆင်း​သွား​လေ၏။ ထို​ကျောက်​ပြား​နှစ်​မျက်​နှာ၌ အ​က္ခ​ရာ​တင်​လျက်​ရှိ၏။

သူ၏​မျက်​နှာ​အ​ရေ​ထွန်း​ပ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ကြ​လျှင်၊ တစ်​ဖန်​အ​ထဲ​သို့​ဝင်၍ မ​လျှောက်​မီ​တိုင်​အောင် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​ပြန်၏။

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သော​သူ​ကဲ့​သို့ ဖြစ်​သ​နည်း။ နက်​နဲ​သော​အ​နက်​ကို အ​ဘယ်​သူ​နား​လည်​သ​နည်း။ ပ​ညာ​သည် ပ​ညာ​ရှိ​သော​သူ၏​မျက်​နှာ​ကို ထွန်း​လင်း​စေ​တတ်၏။ ထို​သူ၏​မျက်​နှာ​သည် အ​ထူး​သ​ဖြင့် ရဲ​ရင့်​သော​အ​ဆင်း​ရှိ​တတ်၏။

သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။-

ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့​ပြန်၍၊ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ၏။ သူ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို မ​သိ​ကြ။-

တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။-

ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-

ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။-

ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။

ပေ​တ​ရု​သည် ထွက်၍​လိုက်​သော်​လည်း၊ ကောင်း​ကင်​တ​မန် ပြု​သ​မျှ​တို့​သည် မှန်​သော​အ​မှု​အ​ရာ​ဖြစ်​သည်​ဟု မ​သိ​မ​မှတ်​ဘဲ၊ မိ​မိ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​သည်​ဟု​ထင်​လေ၏။-

ပေါ​လု​က၊ ညီ​အစ်​ကို​တို့၊ သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို သင်​သည် မ​ကဲ့​ရဲ့​ရ​ဟု ကျမ်း​စာ၌ လာ​သည်​ဟု​ဆို၏။

လွှတ်​တော်၌ ထိုင်​လျက်​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​စေ့​စေ့​ကြည့်​ရှု​လျှင်၊ သူ၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်၏​မျက်​နှာ​ကဲ့​သို့ ဖြစ်​သည်​ဟု ထင်​မှတ်​ကြ၏။

ပယ်​ရှင်း​သော​အ​ရာ၏ အ​ဆုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စေ့​စေ့​မ​ကြည့်​ရှု​စေ​ခြင်း​ငှာ မော​ရှေ​သည် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု​ကြ။-

ငါ​သည်​လည်း​လှည့်၍ တောင်​ပေါ်​က​ဆင်း​သ​ဖြင့်၊ လုပ်​ပြီး​သော​သေ​တ္တာ​ထဲ၌ ထို​ကျောက်​ပြား​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​သေ​တ္တာ​ထဲ၌ ယ​ခု​ရှိ၏။

ရာ​ခပ်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​နှင့်​ပြီး​မှ ကျွန်​မ​ဆီ​သို့ လူ​ရောက်​သည်​မှန်​ပါ၏။ သို့​ရာ​တွင် အ​ဘယ်​အ​ရပ်​က​လာ​သည်​ကို မ​သိ​ပါ။

ထို​အ​ခြင်း​အ​ရာ​တို့​ကို အာ​ဣ​မင်း​ကြီး​သည်​မြင်​လျှင်၊ မြို့​သား​ယောက်ျား​တို့​သည် စော​စော​ထ၍ အ​လျင်​အ​မြန်​ပြင်​ဆင်​ပြီး​မှ၊ မင်း​ကြီး​သည် လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ၊ ချိန်း​ချက်​သော အ​ချိန်၌ လွင်​ပြင်​သို့ ချီ​သွား​လေ၏။ သို့​ရာ​တွင် မြို့​နောက်​မှာ ကင်း​တပ်​ရှိ​မှန်း​ကို​မ​သိ။

လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။

ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မိုး​တိမ်​ကို​ဝတ်​လျက်၊ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏​ခေါင်း​ပေါ်၌ သက်​တံ​ရှိ၏။ သူ၏ မျက်​နှာ​သည် နေ​ကဲ့​သို့​ဖြစ်၏။ သူ၏ ခြေ​သည်​လည်း မီး​ခဲ​တိုင်​ကဲ့​သို့​ဖြစ်၏။-

မိန်း​မ​က​လည်း၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍ ထာ​ဝ​ရ​ဘု​ရား စွန့်​တော်​မူ​ကြောင်း​ကို မ​ရိပ်​မိ​သော​ကြောင့်၊ အ​ရင်​ကဲ့​သို့ ငါ​ထွက်၍ အား​ထုတ်​မည်​ဟု အ​ကြံ​ရှိ​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ