Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 34:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ရှိ​ရာ​တောင်​ပေါ်​သို့ တက်၍​နေ​လော့။ လူ​များ​တို့​အား သွန်​သင်​ဖို့​ရာ ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​သော​ပ​ညတ်​တ​ရား​များ​ကို သင်၌ ငါ​အပ်​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

ထို​ကျောက်​ပြား​တို့​သည် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​ကျောက်​ပြား၊ စာ​သည်​လည်း ဘု​ရား​သ​ခင်​အ​က္ခ​ရာ​တင်​တော်​မူ​သော​စာ ဖြစ်​သ​တည်း။

တပ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ နွား​သ​ငယ်​ကို​လည်း​ကောင်း၊ က​ခုန်​ခြင်း​ကို​လည်း​ကောင်း​မြင်​လျှင်၊ မော​ရှေ​သည်​အ​မျက်​ထွက်​သ​ဖြင့် ကျောက်​ပြား​တို့​ကို​ချ၍ တောင်​ခြေ​ရင်း၌​ချိုး​ဖဲ့၏။

ထို​အ​ရပ်​မှာ မော​ရှေ​သည် အ​စာ​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ နေ​လေ၏။ ကျောက်​ပြား​ပေါ်​မှာ ပ​ဋိ​ညာဉ်​စ​ကား၊ ပ​ညတ်​တော်​ဆယ်​ပါး​ကို ရေး​ထား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။

ထို​အ​ခါ ယေ​ရ​မိ​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ နေ​ရိ​သား စာ​ရေး​ဗာ​ရုတ်​အား ပေး​သ​ဖြင့်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် မီး​ရှို့​သော​စာ၌ ပါ​သ​မျှ​သော စ​ကား​တို့​ကို ယေ​ရ​မိ​သည်​နှုတ်​မြွက်၍၊ ဗာ​ရုတ်​သည် ရေး​ထား၏။ အ​လား​တူ​သော စ​ကား​အ​များ​ကို​လည်း ထပ်၍​သွင်း​ရ၏။

သင်​တို့​ကျင့်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို မိန့်​မြွက်၍ ကျောက်​ပြား​နှစ်​ပြား​ပေါ်၌ ရေး​ထား​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ