Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 31:6

Judson Bible

သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။

အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။

သင်​တို့​တွင် လိ​မ္မာ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လာ၍၊

သူ​နှင့် ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​သည်၊ သူ​တ​ပါး​အား အ​တတ်​သင်​ပေး​နိုင်​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​တော်​မူ​ပြီ။

ထို​သူ​တို့​သည် ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော​လက်​သ​မား၏ အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏​အ​လုပ်၊ ရက်​တတ်​သော​သူ၏​အ​လုပ်၊ အ​နည်း​နည်း လုပ်​တတ်​သော​သူ၏​အ​လုပ်​၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​ပြီ။

တစ်​ဖန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​ကား၊

သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော​သူ​တို့​တွင်၊ ပ​ညာ​ရှိ​သော​သူ​သည် ပိတ်​ချော၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့် ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော​ပိတ်​ချော ကု​လား​ကာ​ဆယ်​ထည်​ကို လုပ်​လေ၏။

ထို​မှ​တစ်​ပါး၊ ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော လက်​သ​မား​အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏ အ​လုပ်​ကို​လုပ်​တတ်​သော ဒန်​အ​မျိုး​သား အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​လည်း​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊

ထို​နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခြား​သော​တ​ပည့်​တော် ခု​နစ်​ကျိပ်​တို့​ကို ခန့်​ထား​တော်​မူ၍၊ ကိုယ်​တိုင်​ကြွ​လေ​အံ့​သော မြို့​ရွာ​အ​ရပ်​ရပ်​တို့​သို့ ရှေ့​တော်၌ နှစ်​ယောက်​စီ နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၏။-

ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ