Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 31:18

Judson Bible

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​သည် ရှင်​ဘု​ရင်​သား​တော်​ကို ပြင်​သို့​ထုတ်၍၊ ရာ​ဇ​သ​ရ​ဖူ​နှင့် ပ​ည​တ္တိ​ကျမ်း​ကို​တင်​လျက်၊ ဘိ​သိက်​ပေး​လျက်၊ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ပြီး​မှ ရှင်​ဘု​ရင် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လက်​ခုပ်​တီး၍ ကြွေး​ကြော်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ရှိ​ရာ​တောင်​ပေါ်​သို့ တက်၍​နေ​လော့။ လူ​များ​တို့​အား သွန်​သင်​ဖို့​ရာ ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​သော​ပ​ညတ်​တ​ရား​များ​ကို သင်၌ ငါ​အပ်​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊

မော​ရှေ​သည် မိုး​တိမ်​အ​ထဲ​သို့​ဝင်​သ​ဖြင့် တောင်​ပေါ်​သို့​ရောက်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး တောင်​ပေါ်​မှာ​နေ​လေ၏။

ထို​အ​ခါ ဝိ​ဇ္ဇာ​ဆ​ရာ​တို့​က၊ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်၏ တန်​ခိုး​ကြောင့်​ဖြစ်​သည်​ဟု ဖာ​ရော​ဘု​ရင်​အား​လျှောက်​ကြား​ကြ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။

ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။-

ငါ​သည် ဘု​ရား​သ​ခင်၏ လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် မင်​နှင့် ရေး​ထား​သော စာ​မ​ဟုတ်။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ရေး၍​လည်း​ကောင်း၊ ကျောက်​ပြား​ပေါ်၌​မ​ရေး​ဘဲ အ​သား​နှင့် ပြည့်​စုံ​သော နှ​လုံး​ပြား​ပေါ်၌ ရေး၍​လည်း​ကောင်း၊ ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်၏​စာ ထင်​ရှား​စွာ​ဖြစ်​ကြ၏။-

သင်​တို့​စည်း​ဝေး​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို၊ အ​ရင်​စာ၌​လာ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​ရေး​ထား၍ ငါ့​အား​ပေး​တော်​မူ၏။

သင်​တို့​ကျင့်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို မိန့်​မြွက်၍ ကျောက်​ပြား​နှစ်​ပြား​ပေါ်၌ ရေး​ထား​တော်​မူ၏။

ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။

ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ