ထွက်မြောက် 31:16Judson Bibleသို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ အခန်းကိုကြည့်ပါ။ |
ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကိုလည်းကောင်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အားကြားပြော၏။
သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊