Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:7

Judson Bible

ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။

ငါ၏​ကျွန်​ဒါ​ဝိဒ်​ကို ငါ​တွေ့၍၊ သန့်​ရှင်း​သော​ဆီ​နှင့် ဘိ​သိက်​ပေး​ပြီ။

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

အာ​ရုန်​သည်​ငါ့​ရှေ့၌၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​နှင့်​ဝတ်​စေ၍ ဆီ​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

သင်​တို့​သေ​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​ပြင်​သို့ မ​ထွက်​နှင့်။ ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ဆီ​သည် သင်​တို့​အ​ပေါ်၌​ရှိ​သည်​ဟု ဆို​သည်​အ​တိုင်း သူ​တို့​ပြု​ကြ၏။

မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင်၊ အ​ဝတ်​တန်​ဆာ​ဆင်​လျက်၊ အ​ရာ၌​ခန့်​ထား၍ မိ​မိ​ခေါင်း​ပေါ်​မှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ခံ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ မိ​မိ​ခေါင်း၌ တန်​ဆာ​ကို​မ​ချွတ်​ရ။ မိ​မိ​အ​ဝတ်​ကို မ​ဆုတ်​ရ။

သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က မ​ထွက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​ရှုတ်​မ​ချ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ဘု​ရား​သ​ခင်၏ ဘိ​သိက်​ဆီ​နှင့်​ဆိုင်​သော သင်း​ကျစ်​ကို ဆောင်း​ရ​သော​သူ​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခန့်​ထား​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​များ​ထဲ​က၊ သူ​တို့​ခံ​ရ​သော​အ​ဖို့ ဖြစ်၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​အ​ကိုင်း​တို့​သည် မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏ ရှေ့​တော်၌​ရပ်​နေ​သော ဘိ​သိက်​ခံ​သူ​နှစ်​ပါး ဖြစ်​သည်​ဟု ဆို၏။

သတ်​သော​သူ​ကို သေ​စား​သေ​စေ​သော​သူ၏​လက်​မှ​နုတ်​သ​ဖြင့်၊ အ​ထက်​က​ပြေး၍ မှီ​ခို​သော​မြို့​သို့ ပြန်​ပို့​ရ​မည်။ ဓ​မ္မ​ဆီ​လောင်း​ခြင်း​ကို​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင် ထို​မြို့၌​နေ​ရ​မည်။

ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-

သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ