Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:44

Judson Bible

ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ငါ​သန့်​ရှင်း​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ့​ရှေ့​မှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို​ငါ​ကြား​ပြီ။ သင်​တည်​ဆောက်​သော ဤ​အိမ်​ကို သန့်​ရှင်း​စေ၍၊ ငါ့​နာ​မ​ကို အ​စဉ်​တည်​စေ​မည်။ အ​စဉ်​ငါ​ကြည့်​ရှု​လျက် နှ​လုံး​စွဲ​လမ်း​လျက်​နေ​မည်။

ထို​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​တွေ့၍၊ ငါ့​ဘုန်း​တော်​အား​ဖြင့် သူ​တို့​ကို​သန့်​ရှင်း​စေ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ငါ​နေ၍၊ သူ​တို့၏​ဘု​ရား​ဖြစ်​မည်။

မိ​မိ​သား​ကို၊ အ​မျိုး​သား​ချင်း​တို့​တွင် မ​ရှုတ်​မ​ချ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို သန့်​ရှင်း​စေ​သည်​ဟု​မိန့်​တော်​မူ၏။

ထို​အ​ရာ​တို့​ကို​စား​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို မ​ခံ​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ပ​ညတ်​တော်​ကို​ဖျက်​သ​ဖြင့်၊ ကိုယ်​အ​ပြစ်​ကို​ခံ​လျက် မ​သေ​ရ​မည်​အ​ကြောင်း ငါ့​ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ၏။

ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ