ထွက်မြောက် 29:40Judson Bibleသိုးသငယ်တစ်ကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသောသံလွင်ဆီ သုံးလောဃနှင့်ရောသော မုန့်ညက်တစ်ဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာ ပူဇော်သကာဖို့ စပျစ်ရည် သုံးလောဃကိုလည်းကောင်း၊ သိုးသငယ်နှင့်အတူ ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
သူတို့အားပေးခြင်းငှာ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သောအလှူဒါနကိုတင်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အရည်ပူဇော်သကာ သွန်းလောင်းခြင်းတို့ကို ပြုကြ၏။
မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။
စပျစ်ရည်သွန်းလောင်းရာ ပူဇော်သကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သောယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စားသောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တစ်ညလုံးအိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။
ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်ရကြမည်။
ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာ၏အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီးထွန်းစရာ မီးရှို့ရာနံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်းဆက်ကပ်ရသော ဘောဇဉ်ပူဇော်သကာ၊ လိမ်းရန်ဆီ အစရှိသောတဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရမည်။