Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:38

Judson Bible

ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ အ​ခါ​လည်​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို​ယူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

သွား​ကြ​စဉ်​တွင်၊ ဣ​ဇာက်​သည် အ​ဘ​အာ​ဗြ​ဟံ​ကို အ​ဘ​ဟု​ခေါ်​လျှင်၊ ငါ့​သား၊ ငါ​ရှိ၏​ဟု​ထူး​လေ​၏။ ဣ​ဇာက်​က​လည်း မီး​ပါ​၏၊ ထင်း​လည်း​ပါ၏။ ယဇ်​ရှို့​စ​ရာ​ဖို့​သိုး​သ​ငယ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဉ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။

တု​ရု​မင်း​ကြီး​ဟိ​ရံ​ထံ​သို့ စေ​လွှတ်၍၊ မင်း​ကြီး​သည် ငါ့​အ​ဘ​ဒါ​ဝိဒ်၏ နန်း​တော်​ဆောက်​စ​ရာ​ဖို့ အာ​ရဇ်​သစ်​သား​ကို ပေး​လိုက်​သည်​နည်း​တူ ငါ၌​တစ်​ဖန် ကျေး​ဇူး​ပြု​ပါ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​ကျင့်​ရ​သော တ​ရား​အ​တိုင်း ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ညဉ့်​ဦး၊ နံ​နက်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဓ​မ္မ​ပွဲ​နေ့​တို့၌ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်၍ ပူ​ဇော်​ရ​မည်။

ဗိ​မာန်​တော်​ဦး​တံ​ခါး​ကို ပိတ်​လျက်၊ မီး​ခွက်​တို့​ကို​သတ်​လျက်၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဣ​သ​ရေ​အ​မျိုး၏​ဘု​ရား​သ​ခင်​အား နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့။ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ဘဲ​နေ​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း၊ နေ့​ရက်​အ​စဉ် နံ​နက်​အ​ချိန်၊ ညဉ့်​ဦး​ချိန်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့၊ ဘ​ဏ္ဍာ​တော်​ထဲ​က ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍​လှူ​တော်​မူ၏။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ၊ သ​ကေ​နေ​ပွဲ​တည်း​ဟူ​သော တစ်​နှစ်​တစ်​နှစ်​လျှင် ဓ​မ္မ​ပွဲ​သုံး​ပွဲ​ခံ​သော​နေ့၌​လည်း​ကောင်း ယဇ်​ပူ​ဇော်​လေ့​ရှိ၏။

ထို​ပြည်​အ​ရပ်​ရပ်၌ နေ​သော​သူ​တို့​ကို ကြောက်​သော်​လည်း၊ ယဇ်​ပ​လ္လင်​ကို မိ​မိ​ဖိ​နပ်​ပေါ်​မှာ တည်​ထား၍၊ နံ​နက်​ညဉ့်​ဦး​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။

ထို​နောက်​မှ အ​မြဲ​ပူ​ဇော်​ရ​သော​ယဇ်၊ လ​ဆန်း​နေ့၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော ဓ​မ္မ​ပွဲ​နေ့၌​လည်း​ကောင်း၊ ပူ​ဇော်​ရ​သော​ယဇ်၊ ထာ​ဝ​ရ​ဘု​ရား​အား အ​လို​လို​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ အ​သီး​အ​သီး​အ​ဖို့ ပူ​ဇော်​ရ​သော​ယဇ်​တို့​ကို ပူ​ဇော်​လျက်​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ​ထား၍၊ ထို​ပ​လ္လင်​ပေါ်၌ မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း ပူ​ဇော်​လေ၏။

နေ့​တိုင်း​အ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ၊ အ​ခါ​လည် သော သိုး​သ​ငယ်​တစ်​ကောင်​ကို နံ​နက်​အ​ချိန်၌ ပူ​ဇော်​ရ​မည်။

ထို​သို့​မီး​ရှို့​ရာ​ယဇ်​ကို နံ​နက်​တိုင်း အ​စဉ်​မ​ပြတ် ပူ​ဇော်​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် ဆီ​ကို​လည်း​ကောင်း ပြင်​ဆင်​ရ​မည်။

နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း၍၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် ပေါ်​လာ​ပြီး​မှ၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ကိုး​ဆယ် ကြာ​လိမ့်​မည်။

ဆု​တောင်း​သော​အ​မှု​မ​ပြီး​မီ မြွက်​ဆို​စဉ်​တွင် ယ​ခင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ၌​ထင်​ရှား​သော​သူ၊ ဂါ​ဗြေ​လ​သည် လျင်​မြန်​စွာ​ပျံ၍ လာ​သ​ဖြင့် ညဥ့်​ဦး​ယံ​ပူ​ဇော်​ချိန်၌ ငါ​ရှိ​ရာ​သို့ ရောက်၍၊

တစ်​သီ​တင်း​တွင် လူ​အ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း​ရှိ၍ ထို​သီ​တင်း​တစ်​ဝက်​တွင် ယဇ်​ပူ​ဇော်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း​ကို ပ​ပျောက်​စေ​လိမ့်​မည်။ ရွံ​ရှာ​ဖွယ်​သော​အ​ရာ၏ အ​ထွတ်​ပေါ်​သို့ ဖျက်​ဆီး​သော​သူ​သည်​ရောက်၍ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် ပျက်​စီး​အပ်​သော သူ​တို့​ကို မ​လွှမ်း​မိုး​မီ​တိုင်​အောင် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု ကြား​ပြော၏။

အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့​ပြီး​လျှင်၊ တစ်​လက်​ဆွန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၌ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နား​မှာ မီး​ရှို့​လေ၏။

ထို​သို့​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ လ​ဆန်း​နေ့​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နေ့​တိုင်း​ပြု​သော​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ယဇ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ရ​မည်။

နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-

အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။-

အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ