Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:28

Judson Bible

ထို​ရင်​ပတ်၊ ပ​ခုံး​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော အာ​ရုန်၏​အ​ဖို့၊ သူ့​သား​တို့​၏​အ​ဖို့​ဖြစ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်၍၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်၏​အစ်​ကို​အာ​ရုန်၌ ဘုန်း​အ​သ​ရေ​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်၍​ပေး​ရ​မည်။

ထို​သို့ အာ​ရုန်​နှင့်​သား​တို့၏​အ​ရာ၌ ခန့်​ထား​သော​သိုး​ထဲ​က၊ ချီ​လွှဲ​သော ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​လွှဲ​သော​ရင်​ပတ်​ကို​လည်း​ကောင်း၊ ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​လည်း​ကောင်း သန့်​ရှင်း​စေ​ပြီး​မှ၊

အာ​ရုန်၏ သန့်​ရှင်း​သော​အ​ဝတ်​တန်​ဆာ​ကို၊ သူ​၏​သား​တို့​သည်​အ​မွေ​ခံ​သ​ဖြင့်၊ ဆီ​လိမ်း​ခြင်း​မင်္ဂ​လာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သော​အ​ခါ၊

နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ အ​ဦး​နယ်​သော​မုန့်​စိမ်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ရ​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​သော ကိုယ်​ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို၊ လေ​ဝိ​သား​အ​မွေ​ခံ​စ​ရာ​ဖို့ ငါ​ပေး​ပြီ။ ထို​ကြောင့် သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ဟု ငါ့​အ​မိန့်​တော်​ရှိ၏။

သင်​တို့​ခံ​ရ​သ​မျှ​သော အ​လှူ​တို့​အ​ထဲ​က အ​ကောင်း​ဆုံး​သော​အ​ဖို့ သန့်​ရှင်း​သော​အ​ဖို့​ကို​နုတ်​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။

မော​ရှေ​သည် အာ​ရုန်၏​အ​ဝတ်​ကို​ချွတ်၍ သား​ဧ​လာ​ဇာ​ကို​ဝတ်​စေ​ပြီး​မှ၊ အာ​ရုန်​သည် တောင်​ထိပ်၌ သေ​လေ၏။ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် တောင်​ပေါ်​က ဆင်း​လာ​ကြ၏။

သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​နှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား ပေး​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ရှေ့​တော်၌​ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ​အ​ခွန်​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား အပ်​ပေး​လေ၏။

လူ​တိုင်း​သန့်​ရှင်း​စေ၍ ယဇ်​ပု​ရော​ဟိတ်​အား လှူ​သ​မျှ​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ​ဖြစ်​ရ​မည်​ဟု မိန့် တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​ပူ​ဇော်၍ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။

လူ​တို့​သည် ယဇ်​ပူ​ဇော်​သော​အ​ခါ၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ် ခံ​ရ​သော​အ​ဖို့ ပ​ခုံး​တစ်​ဖက်၊ ပါး​နှစ်​ဖက်၊ အ​အူ​များ​ကို​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ