Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:27

Judson Bible

ထို​သို့ အာ​ရုန်​နှင့်​သား​တို့၏​အ​ရာ၌ ခန့်​ထား​သော​သိုး​ထဲ​က၊ ချီ​လွှဲ​သော ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​လွှဲ​သော​ရင်​ပတ်​ကို​လည်း​ကောင်း၊ ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​လည်း​ကောင်း သန့်​ရှင်း​စေ​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်၏​အ​ရာ၌​ခန့်​ထား​ရာ သိုး၏​ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ပြီး​မှ၊ သိုး၏​ရင်​ပတ်​သည် သင်၏​အ​ဖို့ ဖြစ်​ရ​မည်။

ထို​ရင်​ပတ်၊ ပ​ခုံး​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော အာ​ရုန်၏​အ​ဖို့၊ သူ့​သား​တို့​၏​အ​ဖို့​ဖြစ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်၍၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​၏။

မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကောင် ဆီ​ဥ​နှင့်​တ​ကွ၊ ချီ​မြှောက်​ရာ​ပ​ခုံး၊ ချီ​လွှဲ​ရာ​ရင်​ပတ်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ​ဆောင်​ခဲ့​ရ​ကြ၍၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​နှင့် သင်၏​သား​တို့​သည် ကိုယ်​အ​ဖို့​ယူ​ရ​ကြ​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရင်​ပတ်​နှင့်​လက်​ယာ​ပ​ခုံး​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို​ပြု​လေ၏။ ထို​သို့​ပြု​ရ​မည်​ဟု မော​ရှေ​မှာ​ထား​သ​တည်း။

ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပူ​ဇော်​သော ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​တို့​ကို၊ သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ် တ​ရား​အား​ဖြင့်​ငါ​ပေး​ပြီ။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။

လူ​တို့​သည် ယဇ်​ပူ​ဇော်​သော​အ​ခါ၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ် ခံ​ရ​သော​အ​ဖို့ ပ​ခုံး​တစ်​ဖက်၊ ပါး​နှစ်​ဖက်၊ အ​အူ​များ​ကို​လည်း​ကောင်း၊

ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။

ပွဲ​သူ​ကြီး​သည် ပ​ခုံး​နှင့် ပ​ခုံး​ပေါ်​မှာ​ခင်း​သော​အ​ရာ​ကို ယူ၍ ရှော​လု​ရှေ့​မှာ​ထား​လေ၏။ ရှ​မွေ​လ​က​လည်း၊ ချန်​ထား​သော​အ​ရာ​ကို ယူ၍​စား​တော့။ ခေါ်​ဖိတ်​သော​သူ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း သင့်​အ​ဖို့ ယ​ခု​တိုင်​အောင် သို​ထား​လျက်​ရှိ​ပြီ​ဟု​ဆို၍ ထို​နေ့၌ ရှော​လု​သည် ရှ​မွေ​လ​နှင့်​အ​တူ စား​သောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ