Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 29:20

Judson Bible

ထို​သိုး​ကို​သတ်​ပြီး​လျင် အ​သွေး​ကို​ယူ၍ အာ​ရုန်၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ၏​သား​တို့၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ​တို့၏​လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်၍၊ ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ခြား​သော​သိုး​ကို​လည်း​ယူ၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ရ​မည်။

ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍​သား​များ၊ အ​ဝတ်​များ​တို့​သည် သန့်​ရှင်း​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊

ထို​အ​တူ သူ​သည် အ​များ​သော​လူ​မျိုး​တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှေ့​တော်၌ ရှင်​ဘု​ရင်​တို့​သည် မိ​မိ​တို့​နှုတ်​ကို​ပိတ်၍ နေ​ရ​ကြ​လိမ့်​မည်။ သူ​တစ်​ပါး မ​ပြ​ဖူး​သော​အ​ရာ​ကို သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​အ​ရာ​ကို​လည်း နား​လည်​ကြ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ထည့်​ရ​မည်။

ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့်​တို့​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။

မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော သူ၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​အ​သွေး​အ​ပေါ်​မှာ ထည့်​ရ​မည်။

ထို​သိုး​သ​ငယ်​ကို​သတ်​ပြီး​လျှင်၊ အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​ရ​မည်။

မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ပေါ်​မှာ​ထည့်၍၊

နူ​နာ​စင်​ကြယ်​စေ​ရ​သော​လူ​အ​ပေါ်​မှာ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍၊ ထို​သူ​သည် စင်​ကြယ်​သည်​ဟု စီ​ရင်​ရ​မည်။ ထို​နောက် အ​သက်​ရှင်​သော​ငှက်​ကို ဟင်း​လင်း​သော အ​ရပ်၌​လွှတ်​လိုက်​ရ​မည်။

ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။

သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။

အာ​ရုန်၏​သား​တို့​ကို​လည်း ခေါ်​ခဲ့၍၊ သူ​တို့​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ​တို့၌ အ​သွေး​ကို​ထည့်​ပြီး​မှ၊ ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​လေ၏။

ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။-

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ