ကုလားကာပြင်မှာ စားပွဲကိုထားရမည်။ တဲတော်တောင်ဘက်နားမှာ မီးခုံကိုလည်းကောင်း၊ မြောက်ဘက်နားမှာစားပွဲကိုလည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက်ဆိုင်မိအောင် ထားရမည်။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား၍၊
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင်ထား၍၊
စားပွဲကိုလည်းသွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်းသွင်း၍၊ မီးခွက်တို့ကိုထွန်းရမည်။
ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။-
အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပထမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။-