ထွက်မြောက် 25:30Judson Bibleငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။ အခန်းကိုကြည့်ပါ။ |
ရှေ့တော်မုန့်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာ မုန့်ညက်ကိုလည်းကောင်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကိုလည်းကောင်းလုပ်၍ ဘုရားသခင်၏အိမ်တော်အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းထွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်း အမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။
ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဉ့်ဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကိုလည်းကောင်း၊ ညဉ့်ဦးတိုင်းထွန်းစရာဖို့ ရွှေမီးခုံနှင့် မီးခွက်တို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။
ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာလည်းကောင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှာလည်းကောင်း၊ ညဉ့်ဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကို ပူဇော်ခြင်းငှာလည်းကောင်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်၍ ပူဇော်ရမည်။