ရွှေစင်နှင့်မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း၊
သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်ရမည်။
အနံလက်တစ်ဝါးရှိသော ခါးပန်းကိုလည်းကောင်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းကောင်း လုပ်ရမည်။
ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့်မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကိုထပ်ဆင့်၍၊ တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။