အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ ကရုဏာပလ္လင်ထားရာအခန်း၏ပုံကိုလည်းကောင်း၊
ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတစ်ဖက်တစ်ချက်၌ ထုလုပ်ရမည်။
ဟဂျာဟဂျုံအရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
သေတ္တာနှင့် သူ၏ထမ်းပိုး၊ သေတ္တာအဖုံး၊ ကာရသောကုလားကာကိုလည်းကောင်း၊
အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းပိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊
သင်သည် ဖြန့်၍ လွှမ်းမိုးသောခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။
ဘုရားသခင်သည် သည်းခံတော်မူ၍၊-
ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။
ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်းမရှိ။
ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။-