ထိုလူများကို တစ်နှစ်ချင်းတွင် သင့်ရှေ့မှာငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည်သင့်တစ်ဖက်၌ များပြားလိမ့်မည်။
သင်သည်တိုးပွား၍ တစ်ပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင်ထုတ်မည်။
တစ်ပါးအမျိုးသားများကို သင်တို့ရှေ့ကငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တစ်နှစ်တွင်သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။
သင်၏ဘုရားသခင် ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံကတရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တစ်ဖက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကိုချက်ချင်း မပယ်မရှားသင့်။
ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကိုကား၊ ယုဒအမျိုးသားတို့သည်မနှင်ထုတ်နိုင်ဘဲ သူတို့သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။