ထွက်မြောက် 23:24Judson Bibleသူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင်မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။ အခန်းကိုကြည့်ပါ။ |
မြင့်သောအရပ်တို့ကို ပယ်၏။ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်၏။ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကို နဟုတ္တန်အမည်ဖြင့် မှည့်သတည်း။