Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 23:23

Judson Bible

ငါ့​တ​မန်​သည် သင့်​ရှေ့၌​သွား၍ သင့်​ကို အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ​သို့ ဆောင်​သွင်း၍၊ သူ​တို့​ကို ပယ်​ရှင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။

ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​တွက် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​တွင်​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ထို​ဆင်း​ရဲ​ဒု​က္ခ​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မော​ရှေ​သည် ယော​က္ခ​မ​အား​ကြား​ပြော​လေ၏။

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊

ထို​ကြောင့် ငါ၏​လူ​တို့​သည် ပ​ညာ​မ​ရှိ၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ၏။ မှူး​မတ်​တို့​သည် မွတ်​သိပ်၍ သေ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည် ရေ​ငတ်၍ ပူ​ဆွေး​လျက်​ရှိ​ကြ၏။

သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ကြီး​မား၍​ခွန်​အား​နှင့်​ပြည့်​စုံ​သော လူ​မျိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ အ​ဘယ်​သူ​မျှ​မ​ရပ်​နိုင်။

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​အ​နား​မှာ​ရှိ​နေ​စဉ် မျှော်​ကြည့်၍၊ လူ​တစ်​ယောက်​သည် ဓား​ကို​ဓား​အိမ်​မှ ထုတ်​ကိုင်​လျက်၊ ကန့်​လန့်​ရပ်​နေ​သည်​ကို မြင်​လျှင်၊ သူ့​ထံ​သို့​သွား၍ သင်​သည် ငါ​တို့​ဘက်၌​နေ​သော​သူ​လော၊ ငါ​တို့​ရန်​သူ​ဘက်၌ နေ​သော​သူ​လော​ဟု​မေး​သော်၊

ယော်​ဒန်​မြစ် အ​နောက်​ဘက်၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ချိုင့်​ထဲ၌​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​တစ်​ဖက်၊ မ​ဟာ​ပင်​လယ်​ကမ်း တစ်​လျှောက်​လုံး၌​လည်း​ကောင်း​နေ​သော ဟိ​တ္တိ၊ အာ​မော​ရိ၊ ခါ​န​နိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​အ​မျိုး​မင်း​ကြီး​အ​ပေါင်း​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ