အကြင်သူ၏နွားသည်၊ သူတစ်ပါး၏နွားကို အသေခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကိုရောင်း၍ အဖိုးကိုဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။
တွင်းရှင်သည် မြင်း၊ နွားအဖိုးကိုလျော်၍ အသေကောင်ကိုယူရမည်။
၎င်းနည်း နွားသည် အထက်ကခွေ့ဖူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတစ်ကောင်အတွက် တစ်ကောင်ကိုအမှန်လျော်ရမည်။