Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 21:26

Judson Bible

သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၏​မျက်​စိ​ကို ပျက်​အောင်​ရိုက်​လျှင်၊ မျက်​စိ​ပျက်​သည်​အ​တွက် လွှတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ ငါ​တို့​ကိုယ်​ခ​န္ဓာ​သည် အ​မျိုး​သား​ချင်း​တို့၏ ကိုယ်​ခ​န္ဓာ​ကဲ့​သို့​ဖြစ်၏။ ငါ​တို့​သား​သ​မီး​သည် သူ​တို့​သား​သ​မီး​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​တို့​သား​သ​မီး​ကို ရောင်း၍ ကျွန်​ခံ​စေ​ရ​မည်​လော။ ကျွန်​ခံ​ပြီး​သော သ​မီး​တို့​ကို​လည်း ရွေး​ခြင်း​ငှာ မ​တတ်​နိုင်။ ပိုင်​ရင်း​လယ်​ယာ​နှင့် ဥ​ယျာဉ်​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​လေ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ဆင်း​ရဲ​သား​ကို သူ၏​မြေ​မှ တစ်​ဖန်​မ​နှင်​ထုတ်​မည်​အ​ကြောင်း၊ မိ​ဘ​မ​ရှိ​သော​သူ​နှင့် ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို တ​ရား​ပေး​ခြင်း​ငှာ နား​တော်​ကို​ဖွင့်​တော်​မူ၏။

လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။

သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​တုတ်​နှင့်​ရိုက်၍ ထို​ကျွန်​သေ​လျှင်၊ သ​ခင်​သည် လေး​သော​ဒဏ်​ကို​ခံ​ရ​မည်။

မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း၊

မီး​လောင်​ခြင်း​အ​တွက် မီး​လောင်​ခြင်း​ကို​လည်း​ကောင်း၊ ရှ​န​ခြင်း​အ​တွက် ရှ​န​ခြင်း​ကို​လည်း​ကောင်း၊ ဒဏ်​ချက်​ရာ​အ​တွက် ဒဏ်​ချက်​ရာ​ကို​လည်း​ကောင်း ခံ​ရ​မည်။

ထို​အ​တူ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၏​သွား​ကို ကျိုး​အောင်​ရိုက်​လျှင်၊ သွား​ကျိုး​သည်​အ​တွက် လွှတ်​ရ​မည်။

သ​ခင်​တို့၊ ခြိမ်း​ခြောက်​ခြင်း​ကို ချုပ်​တည်း၍၊ ကိုယ်​ကျွန်​တို့​ကို ထို​နည်း​တူ​ပြု​ကြ​လော့။ သင်​တို့၏ သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည် အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ​သည်​ကို​လည်း​ကောင်း၊ သိ​မှတ်​ကြ​လော့။

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။

သ​ခင်​တို့၊ သင်​တို့၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သည်​ကို သိ​မှတ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၊ မျှ​ခြင်း​တ​ရား​နှင့်​အ​ညီ ကိုယ်​ကျွန်​တို့​ကို ပြု​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ