Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 21:17

Judson Bible

မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

လူ​ချင်း​ခိုက်​ရန်​ပြု၍ တစ်​ယောက်​သည် ကျောက်​ခဲ​နှင့် ထု​သည်​ဖြစ်​စေ၊ လက်​သီး​နှင့်​ထိုး​သည်​ဖြစ်​စေ၊ အ​ရိုက်​ခံ​ရ​သော​သူ​သည် မ​သေ​သော်​လည်း၊ အိပ်​ရာ၌ တုံး​လုံး​နေ​ရ​လျှင်​လည်း​ကောင်း၊

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊

အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။

အ​ဘ၌ ဆိုး​သော​သား၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သား၊ မိ​ဘ​တို့​ဆုံး​မ​သော်​လည်း ဆုံး​မ​ခြင်း​ကို မ​ခံ​သော​သား​ရှိ​လျှင်၊

မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။

မိ​ဘ​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ