Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 19:24

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဆင်း​သွား​လော့။ သင်​နှင့် အာ​ရုန်​သာ​လျှင် တက်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​တက်​ခြင်း​ငှာ မ​ကျော်​မ​ဝင်​စေ​နှင့်။ သို့​မ​ဟုတ် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ခိ​ဒုန် ကောက်​နယ်​တ​လင်း​သို့ ရောက်​သော​အ​ခါ၊ နွား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှုပ်​ရှား​သော​ကြောင့်၊ ဩ​ဇ​သည် လက်​ကို​ဆန့်၍ သေ​တ္တာ​တော်​ကို ကိုင်၏။

လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။

မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​ဆင်း၍ ကြား​ပြော​လေ၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊

ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။

ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ​စ၍ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ အ​နိုင်​အ​ထက်​ပြု​သော​သူ​တို့​သည်​လည်း လု​ယူ​ဝင်​စား​ရ​ကြ၏။-

ကျဉ်း​မြောင်း​သော​တံ​ခါး​ဝ​ကို ဝင်​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​များ​သော​သူ​တို့​သည် ဝင်​ခြင်း​ငှာ​အ​လို​ရှိ​သော်​လည်း မ​စွမ်း​နိုင်​ကြ​ဟု ငါ​ဆို၏။-

ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​ရှိ၏။ ယော​ဟန်​လက်​ထက်​မှ​စ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်​ရှိ၏။ လူ​များ​တို့​သည်​လည်း နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ဝင်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

ပ​ညတ်​တ​ရား​သည်​ကား အ​မျက်​ဒေါ​သ​နှင့် စပ်​ဆိုင်၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ လွန်​ကျူး​ခြင်း အ​ပြစ်​မ​ရှိ။-

သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။-

ယ​ခု​မူ​ကား၊ ယုံ​ကြည်​သော​သူ​တို့​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​နှင့် စပ်​ဆိုင်​သော က​တိ​တော်​ကို ရ​မည်​အ​ကြောင်း ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်၌​ချုပ်​ထား၏။-

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။

ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ