Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 15:15

Judson Bible

ဧ​ဒုံ​ဗိုလ်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း၊ မော​ဘ​သူ​ရဲ​တို့​သည် တုန်​လှုပ်​ခြင်း၊ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဧ​သော​သား​တို့​တွင် ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ သား​ဦး​ဧ​လိ​ဖတ်၏​သား ဗိုလ်​တေ​မန်၊ ဗိုလ်​ဩ​မ​ရ၊ ဗိုလ်​ဇေ​ဖော၊ ဗိုလ်​ကေ​နတ်၊

ဗိုလ်​ဂါ​တံ၊ ဗိုလ်​အာ​မ​လက်​တည်း။ ဤ​ဗိုလ်​တို့​သည်​အာ​ဒ၏​အ​နွယ်၊ ဧ​ဒုံ​ပြည်၌ ဧ​လိ​ဖတ်​ရ​သော​သား​ဖြစ်​သ​တည်း။

ဧ​သော​မှ​ဆင်း​သက်၍ မိ​မိ​အ​မျိုး​အ​နွယ်၊ နေ​ရာ​အ​ရပ်၊ ခံ​ရ​သော​ဘွဲ့​နာ​မ​အ​လိုက်၊ ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ ဗိုလ်​တိ​မ​နာ၊ ဗိုလ်​အာ​လ​ဝ၊ ဗိုလ်​ယေ​သက်၊

ထို​အ​ခါ ရဲ​ရင့်​သော​သူ၊ ခြင်္သေ့​နှ​လုံး​ကဲ့​သို့ နှ​လုံး​ရှိ​သော​သူ​သည် စိတ်​ပျက်​ပါ​လိမ့်​မည်။ ခ​မည်း​တော်​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ၌​ပါ​သော​သူ​တို့​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။

မြင်​သော​အ​ခါ မှိုင်​တွေ၍ ထိတ်​လန့်​လျက် ပြေး​ကြ၏။

မီး​ခိုး​လွှင့်​သ​ကဲ့​သို့ သူ​တို့​ကို​လွှင့်​တော်​မူ​ပါ။ ဖ​ယောင်း​သည် မီး​ရှေ့​မှာ​အ​ရည်​ဖြစ်​သ​ကဲ့​သို့၊ မ​တ​ရား​သော သူ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ပျက်​စီး​ကြ​ပါ​စေ​သော။

ထို​ကြောင့်၊ ရှိ​သ​မျှ​သော​လက်​တို့​သည် ကျ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည် စိတ်​ပျက်၍ ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

ဒ​မာ​သက်​မြို့​ကို ရည်​မှတ်​သော စ​ကား​ဟူ​မူ​ကား၊ ဟာ​မတ်​မြို့​နှင့် အာ​ပဒ်​မြို့​တို့​သည် မ​ကောင်း​သော သ​တင်း​ကို​ကြား​သော​ကြောင့်၊ အ​ရှက်​ကွဲ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ ပင်​လယ်​တိုင်​အောင် စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ငြိမ်​ဝပ်​ခြင်း​သို့ မ​ရောက်​နိုင်။

သူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ညည်း​တွား​သ​နည်း​ဟု သင့်​ကို​မေး​သော​အ​ခါ၊ သင်​က၊ ငါ​သည် သ​တင်း​စ​ကား​ကြောင့် ညည်း​တွား၏။ အ​မှု​နီး​ပြီ၊။ လူ​အ​ပေါင်း​တို့​သည် ကြောက်​အား​ကြီး၍ လက်​အား​လျော့​ကြ​လိမ့်​မည်။ စိတ်​ပျက်၍ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။ အ​မှု​လာ၍ ရောက်​မည်​အ​ကြောင်း​ကို၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မိန့်​တော်​မူ၏။

မြို့​တော်​သည် ဟင်း​လင်း​နေ​ရ၏။ ဥ​စ္စာ​မ​ရှိ၊ လူ​ဆိတ်​ညံ​လျက် ဖြစ်၏။ မြို့​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်၊ ဒူး​ချင်း​ထိ​ခိုက်​လျက်၊ အ​လွန်​ခါး​ကိုက်​လျက်၊ မျက်​နှာ​မည်း​လျက်​ရှိ​ကြ၏။

ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။

ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။

သင်​သည် လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ညီ​အစ်​ကို ဧ​သော​အ​မျိုး​သား​တို့​နေ​သော စိ​ရ​ပြည်​အ​နား​မှာ သင်​တို့​လျှောက်​သွား​သော​အ​ခါ၊ သူ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ ထို​ကြောင့် သ​တိ​ပြု​ကြ​လော့။

တစ်​ဖန်​လည်း၊ ဗိုလ်​တို့​က ကြောက်​တတ်​သော သ​ဘော​ရှိ၍ စိတ်​ပျက်​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ်​လျှင် ထို​သူ​စိတ်​ပျက်​သ​ကဲ့​သို့ သူ၏​အ​ဖော်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု လူ​များ​တို့​အား ပြော​ရ​ကြ​မည်။

အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​သော ညီ​အစ်​ကို​တို့​သည်၊ လူ​များ​စိတ်​ပျက်​စ​ရာ​ကို ပြု​သော်​လည်း၊ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​ပါ၏။

ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်၍ သင်​တို့​ကြောင့် တစ်​စုံ​တစ်​ယောက်​သော​သူ၌​မျှ ရဲ​ရင့်​ခြင်း​သ​တ္တိ အ​လျှင်း​မ​ကျန်​ကြွင်း​ပါ။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက် ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး၌​လည်း​ကောင်း၊ အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။

ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့၌ ရှော​လု၏​ကင်း​စောင့်​တို့​သည် ကြည့်​ရှု​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​အ​လုံး​အ​ရင်း​သည် လျော့၍ တစ်​ယောက်​ကို​တစ်​ယောက် ထိုး​ရိုက်​လျက်​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ