ထွက်မြောက် 14:25Judson Bibleသူတို့ရထားအသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တစ်ဖက်၌ စစ်တိုက်သည်ဟုပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်လည်း၊ ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။
ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင်ပေါ်မှာ နေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတားအော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသော အသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တော်တည်းဟူသော ဇိအုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။
တစ်ဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက် မိန့်တော်မူသည်ကား၊ ရှိသမျှသောသူတို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှာ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ဓားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။